Go Digital ASEAN အကြောင်း

ဒေသတွင်းရှိ အစိုးရများ၊ လုပ်ဖော်ကိုင်ဖက်များ၊ စေတနာ့ဝန်ထမ်းများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် Go Digital ASEAN သည် အသေးစားစီးပွားရေးလုပ်ငန်းပိုင်ရှင်များနှင့် ဝန်ထမ်းများအား ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပါဝင်ရန်နှင့် ကောင်းမွန်သော အခွင့်အလမ်းများ အများဆုံးရရှိစေရန် စွမ်းဆောင်ပေးသည့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းကို ပို့ချပေးပါသည်။ ကျွန်ုပ်တို့၏ ဒေသခံ အစီအစဉ်အကောင်အထည်ဖော် ဆောင်ရွက်ပေးသူများသည် လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွားလာရေး အပါအဝင် သမားရိုးကျမဟုတ်သော ကဏ္ဍများနှင့် လုပ်ငန်းများတွင် ကျွမ်းကျင်ကြပြီး ကျေးလက်ဒေသနှင့် အထောက်အပံ့လိုအပ်သော လူမှုအသိုင်းအဝိုင်းများနှင့်လည်း နက်ရှိုင်းသော အတွေ့အကြုံများရှိပါသည်။
Go Digital ASEAN အစီအစဉ်သည် ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့ပြီး ပထမအဆင့်အနေဖြင့် အာဆီယံနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် အထောက်အပံ့လိုအပ်သော လူမှုအသိုင်းအဝိုင်းများမှ လုပ်ငန်းရှင်နှင့် ဝန်ထမ်းများ၊ အမျိုးသမီးများကို အထူးအလေးပေး ရွေးချယ်ပြီး စုစုပေါင်း (၂၂၅,၀၀၀)ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။ ဒုတိယအဆင့်သည် အစီအစဉ်၏ လက်လှမ်းမီမှုကို ချဲ့ထွင်ပြီး ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းပိုင်ရှင်နှင့် ဝန်ထမ်းပေါင်း (၂၀၀,၀၀၀)ကို စီးပွားရေးနှင့် ငွေကြေးတတ်မြောက်မှု၊ ဒစ်ဂျစ်တယ် စျေးကွက်ရှာဖွေရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် ကာဗွန်ခြေရာ လျှော့ချရေးဆိုင်ရာ အဆင့်မြင့် အသိပညာများနှင့် အံဝင်ခွင်ကျ လေ့ကျင့်ပေးသွားမည် ဖြစ်ပါသည်။

လေ့ကျင့်သင်ကြားပေးခြင်း

၁၃၅၀၀၀

အခြေခံ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုရှိသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ

ချိတ်ဆက်ပေးခြင်း

၃၀၀၀၀

ဒေသတွင်း လုပ်ငန်းတူ လုပ်ဖော်ကိုင်ဖက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ

လေ့ကျင့်သင်ကြားပေးခြင်း

၃၅၀၀၀

အဆင့်မြင့် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုရှိသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ
When it comes to technology, I used to depend on my family for help. But now, I can go online by myself and I am confident to conduct business. Sillinphone's Testimonial.

"လာအိုနိုင်ငံ၊ ဗီယင်ကျန်းရှိ စတိုးဆိုင်ငယ်ပိုင်ရှင် Silinphone နှင့် တွေ့ဆုံပါ။ COVID-19 ကန့်သတ်ချက်များနှင့် သွားလာမှု ကန့်သတ်ချက်များကြောင့် သူ့ဆိုင်၏ရောင်းအား ကျဆင်းသွားသည်။ ဖောက်သည်များသည် အိမ်တိုင်ရာရောက် ပေးပို့မှုကို သူ့ထံ တိုက်ရိုက်ဖုန်းခေါ်ဆို၍ တောင်းဆိုခဲ့သော်လည်း Silinphone သည် မည်သို့လုပ်ဆောင်ရမည်ကို မသိခဲ့ပါ။

Go Digital ASEAN ဒစ်ဂျစ်တယ်မြေပုံများဆိုင်ရာ သင်တန်းကို တက်ရောက်ခြင်းဖြင့် Silinphone သည် သူ့ဆိုင်၏ ပစ္စည်းပို့ဆောင်ခြင်း ဝန်ဆောင်မှုကို မည်သို့ဆောင်ရွက်ရမည်ကို သိရှိသွားသည့်အပြင် လူမှုကွန်ရက်တွင် လုပ်ငန်းစာမျက်နှာအသစ်ကို ဖွင့်လှစ်ပြီး အသစ်အသစ်သော ဝယ်ယူသူများ ရရှိအောင်လည်း ဆောင်ရွက်နိုင်ခဲ့သည်။

Go Digital ASEAN အစီအစဉ်သည် အာရှဖောင်ဒေးရှင်းမှ Google ၏ ပရဟိတလုပ်ငန်းဖြစ်သည့် Google.orgမှ ရန်ပုံငွေနှင့် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (ACCMSME)၏ ထောက်ခံချက်ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်ပါသည်။
Go Digital ASEAN သည် Future Skills Alliance” အစီအစဉ် အောက်မှ ဒေသတွင်း၏ အနာဂတ်စွမ်းရည်များကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ဖော်ဆောင်ပေးနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ခုလုံးမှ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ကျယ်ပြန့်သော မဟာမိတ်အဖွဲ့တစ်ခုဖြစ်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Silinphone ကဲ့သို့ ထောင်ပေါင်းများစွာသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ပူးပေါင်းပါ။ Go Digital ASEAN သင်တန်းကို တက်ရောက်ခြင်းဖြင့်